ကြည့်ကန်မြေ...အကြောင်းတစေ့တစောင်း
ရွာ ၊ ကြည့်ကန်၊မဟာဂါမ
ကန် ၊ ကန်မ၊ကြည့်ကန်
ကြည့်ကန်ရွာကြီးကိုရှေးက မဟာဂါမရွာ
ဟုခေါ်ဆိုကြသည်။ကန်မကိုကြည့်ကန်ဟု
ခေါ်သည်။ကန်ငယ်များကိုထောက်ရှု့၍
ကန်မကြီးဟုခေါ်တွင်ပြီးရွာဂါမကိုကြည့်ကန်ရွာဟုခေါ်တွင်စေသည်။
ကန်တော်ကြီးသည်၎ဘက်ဆည်မဟုတ်နှစ်ဘက်ဆည်ဖြစ်သည့်အားလျှော်စွာ
ပါဠိ ဘာသာခေါ်သညာဖြင့်၊ဥဒ္ဒိဋ္ဌတဠာကဂါမ၊မြန်မာဘာသာဖြင့်ကြည့်ကန်ခေါ်သောရွာကြီးသည်....
ကျားကြီး(၄)စီး၊ယှဉ်စံမှီး၊ကြော်ဟီးပဲ့သံ၊
သဲသဲညံ၊ဂုဏ်လျှံထွန်းပြန်၊ရွာကြည့်ကန်..
ဤသို့စကား၊သဘင်သည်များ၊သြဘာကြားတဲ့၊ထောမနာများထက်၊ထင်ရှားဂုဏ်နှင့်၊
ပြည့်စုံတဲ့ရွာမြတ်ရွာကြီးဖြစ်ကြောင်းသိသင့်သည်။ကျားကြီး ၄ စီးဆိုသည်မှာ ကျားမင်း
စောင့်သည့်၊တနင်္လာနံအက္ခရာ၊ကြီးကြီး
ဆိုတဲ့ဝတ္ထုဒြပ် ၄ မျိုးယှဉ်စံမှီးသောရွာထူးရွာမြတ်ဖြစ်ကြောင်း
စပ်သီကာထောပနာကြကုန်သည်။
ကြီး(၄)ကြီး ဆိုတဲ့ကြီးကြီး ၄ လုံးပင်တည်း
ကြီး(၄)ကြီးဆိုသည်ကား
ဘုရားတန်ခိုးကြီး
ကြည့်ကန်ကိုရင်ကြီး
ရွာကြီး
ကန်တော်ကြီး ၊ ဖြစ်ပေသည်။
အကျဉ်းချုပ်မျှဖော်ပြအပ်သည်။
Subscribe to:
Post Comments (Atom)
အညာမြေလွမ်းသူ

-
ကြည့်ကန်ရှင်ကြီးဟာသူ့ရွာသူ့ ပတ်ဝန်းကျင်ကို ခွင့်အခါကြုံ တိုင်း ရွာ၏အလှကိုစာပေ များနဲချီးမွမ်းဖွဲ့ဆိုလေ့ရှိသည်။ ယ္ခုသည်ဖြင့် ရာသီ...
-
သမိုင်းကိုဆွဲယူချင်သူများ ရှင်ကြီးနန္ဒဓဇဆိုတာဘယ်ကလဲ ဘာလို့လူတိုင်းရဲ့အသိထဲမှာသမိုင်း ကြောင်းအကြောင်းတွေထင်ထင်ပေါ် မရှိရတာလဲ သိသောသူတွေ...
-
ကြည့်ကန်မြေ...အကြောင်းတစေ့တစောင်း ရွာ ၊ ကြည့်ကန်၊မဟာဂါမ ကန် ၊ ကန်မ၊ကြည့်ကန် ကြည့်ကန်ရွာကြီးကိုရှေးက မဟာဂါမရွာ ဟုခေါ်ဆိုကြသည်။က...
No comments:
Post a Comment
1000000000