ကြည့်ကန်၊ကြည့်ကန် အော် ကြည့်ကန်
အမရပူရာ၊ပြည်အောင်ချာမှ၊တိမ်းကာယိမ်းဘိ၊နရတိယွန်း၊ကြက်လျှာစွန်းတွင်၊ရည်ညွှန်းချင့်သော်၊သုံးသောင်းကျော်ကွာ၊ခန့်အတာ
ဝယ်၊ဆယ်ရွာကျက်သရေ၊မြုတေယှက်နှော၊
သာပြန့်ပြောသည်၊လင်းကတောမည်၊ရပ်
ထူးလည်၏၊နောက်ဖီတောင်ယွန်း၊ဒီသာ
စွန်းတွင်၊ရှန်းတမို့မို့၊မှိုင်းညို့ညို့နှင့်၊နတ်တို့
ပျော်ရာ၊တုသီတာသို့၊ရတနာသုံးပါး၊တည်ထူးခြား၍၊
သိကြားသော်မှ၊နေလိုလှဟု၊တောင်းတခမန်း၊သာထူးဆန်းသည့်၊
အောင်ခန်းမင်္ဂလာ ကြည့်ကန်ရွာ...
ကြည့်ကန်ရှင်ကြီးက မိမိ၏ဇာတိကိုရေးဖွဲ့ထားသည်။
ကြည့်ကန်ရွာကို အဘယ်မှာရှိသည်ဟု
ငြင်းပွားဖွယ်ရာမလိုပေ။
မြိုင်မြို့နယ်၊ကြည့်ကန်ရွာ၊လင်းကတောရွာအနီးတွင်ရှိကြောင်းထင်ရှားသည်။
ဆိုသောသာဓကများကိုကျမ်းဂမ်များက
ထောက်ရှု့နေလေသည်။
No comments:
Post a Comment
1000000000