Saturday, July 30, 2016

ချစ်​သူထံပါး..ကဗျာများ




ဟိုတစ်နေ့က
နေဝင်သောည
လန်းမယ့်ပန်းတွေ
ငိုလို့ကြွေ
လေပြေတိတ်လို့
အော် ဘာလဲလို့
တွေးမိရင်ထဲ 
ဖြေမရဘဲ
မျက်ဝန်းသို့ကြည့်


သံဇဉ်ညှိ့ 
ရှိုက်​သံသဲ့မှာ
ဖြေလေတာ
မင်းကိုလွမ်းလို့
ရှိလာခြင်းမို့
ဖြစ်ပေါ်သရုပ်
ချစ်ကြိုးထုတ် 
ရှောင်ပြေးသူရယ်
နောက်တစ်ကယ် 
ဖြစ်ခဲ့ရင်ကွယ် 
မောင်​မုန်းမယ်။

No comments:

Post a Comment

1000000000

အညာမြေလွမ်းသူ