Friday, July 29, 2016

ချစ်​သူထံပါး..ကဗျာများ

…ချစ်​မယ်​…
======
ရင်ထဲမှာ သတိတရနဲ့
ထိထိရှရှကို ချစ်​မယ်...

စိတ်ထဲမှာ မရိုးမရွ
အတိုးချပြီး ချစ်​မယ်...

သူ့စကားတွေ ကြားယောင်
အားရအောင် ချစ်​မယ်...

ညှို့မျက်ဝန်းရင့်ရင့်တွေကို
ဆို့ဆို့နင့်နင့် ချစ်​မယ်...

ကြမ္မာဆန်လှတဲ့အပြုံး
အခါတစ်ရာပြန်မက ချစ်​မယ်​...
......👇👇👇👇👇👇......


အနမ်းဖွဖွလေးတွေ
တမ်းတမ်းတတတွေး ချစ်​မယ်...

ပြီးစလွယ် အချစ်
တဆစ်ဆစ်နဲ့ ချစ်​မယ်​...

တောက်ခတ်တိုင်းမျက်ရည်ကျ
နောက်ဘဝအထိ ချစ်​မယ်...

အဆက်ဖြတ်စိမ်းကားလည်း
တဖက်သတ်သိမ်းထားပြီး ချစ်​မယ်​...

ဓာတ်ပုံလေးထုတ်ထုတ်ကြည့်
တမှတ်တရမှတ်ပြီး ချစ်​မယ်...

ညဘက် အိပ်မက်တွေလှုပ်နှိုး
တရေးနိုးလည်း 'ထ ချစ်​မယ်...

သိပ်ချစ်လို့
စိတ်နှစ်ပြီးတော့ကို ချစ်​မယ်...

No comments:

Post a Comment

1000000000

အညာမြေလွမ်းသူ