Sunday, July 24, 2016

ကြည့်​ကန်​​မြေ..အ​ကြောင်း


ကြည့်ကန်ရှင်ကြီး၏ ပစ်တိုင်းထောင်
ကမ္မဋ္ဌာန်းကျမ်းကလည်း လောကလူ့
သဘာဝကိုပေါ်လွင်အောင်ရေးသား
ထားခဲ့ပြန်တယ်......
ဂုဏ်ရည်တူ လူတရပ်က၊တက်မည်ကို
စိုးရိမ်၊လိမ္မာလျှင်မကြိုက်၊မိုက်လျှင်ဝမ်းသာ
ချမ်းသာလျှင်မြင်ပြင်း၊ဆင်းရဲလျှင်အားရ
ကြွယ်ဝလျှင်မနာလို၊အကျိုးကိုလိုဟန်ပြု၍


ဟိုအထက်လူတစ်စုကလည်း၊ချမ်းအေးသောသူကို ရေချ၊ပူလှသောသူကိုမီးတိုက်၊
ပြုလိုရာစိတ်ကြိုက်၊ဟိုက်သူကိုဖမ်းထောင်း၊
မိုက်သူကိုဖမ်းရောင်း၊အကြောင်းမတော်ရာ၊နာသူကိုမပြုစု၊မာသူကိုဆေးဝါးကု၊ဆွေမျိုးတစ်စုကလည်း မကောင်းကြံသူကိုကြည်ညို
အကျိုးလိုသူကိုမနှစ်သက်...
စသည်တို့ဖြင့် အမှားပြင်၍ တရားမြင်
အောင် ဖော်ကြူးခဲ့သည်က
ကြည့်ကန်ရှင်ကြီးရှင်နန္ဒဓဇ. ပေတည်း။

No comments:

Post a Comment

1000000000

အညာမြေလွမ်းသူ