Monday, August 1, 2016
ချစ်သူထံပါး..ကဗျာများ
ထာဝရပါချစ်သူ
-------------------
လွမ်းစာလေးရေး
မင်းကိုပေးဖို့
အခွင့်ရယ်မပေး
ငါ့ကမ္ဘာလေးထဲ
ဝင်လာစေလည်း
ငါ့ရင်ထဲမှာ
မင်းတစ်ယောက်သာ
ထာဝရမို့
ဝေစဉ်ခဏ
ချစ်ခဲ့သည်တော့ မဟုတ်ပါ။
ကြွေလည်း မပစ်
နွမ်းလည်း မစွန့်
ဟောင်းသွားရင် မသိ
ဒီတစ်သက်မှာ
ထာဝရချစ်သူ
အပြစ်တော် ယူ
ငြူမယ်ဆိုရင်လည်း
နှလုံးသား ပိတ်ဖုံး
ဆိတ်သုဉ်းရင်တောင်
အတိတ်ဟောင်းက
ချစ်ခဲ့ဖူးသူရေ
တမလွန်မှာလည်း
ငါမြတ်နိုးတဲ့ကဗျာတွေနဲ့
ငါ့ချစ်သူ နင့်အကြောင်းတွေ
သီကာ ရေးမယ်
ထာဝရပေါ့ ချစ်သူရယ်.....
Subscribe to:
Post Comments (Atom)
အညာမြေလွမ်းသူ
-
သမိုင်းကိုဆွဲယူချင်သူများ ရှင်ကြီးနန္ဒဓဇဆိုတာဘယ်ကလဲ ဘာလို့လူတိုင်းရဲ့အသိထဲမှာသမိုင်း ကြောင်းအကြောင်းတွေထင်ထင်ပေါ် မရှိရတာလဲ သိသောသူတွေ...
-
ကြည့်ကန်မြေ...အကြောင်းတစေ့တစောင်း ရွာ ၊ ကြည့်ကန်၊မဟာဂါမ ကန် ၊ ကန်မ၊ကြည့်ကန် ကြည့်ကန်ရွာကြီးကိုရှေးက မဟာဂါမရွာ ဟုခေါ်ဆိုကြသည်။က...
-
ကြည့်ကန်ရှင်ကြီးဟာသူ့ရွာသူ့ ပတ်ဝန်းကျင်ကို ခွင့်အခါကြုံ တိုင်း ရွာ၏အလှကိုစာပေ များနဲချီးမွမ်းဖွဲ့ဆိုလေ့ရှိသည်။ ယ္ခုသည်ဖြင့် ရာသီ...

No comments:
Post a Comment
1000000000