…...........................................................................
ကြည့်ကန်ရှင်ကြီးကို အသက်သုံးဆယ်ကျော်မှ လူ့ဘဝကိုရှောင်
ခွာ၍ သာမဏေဝတ်သည်ဟု ရေးသား
ထားသောစာပေများမှာအမှားများသာဖြစ်
ပေသည်။ ရှင်ကြီးငယ်နာမည်မောင်နုကို
အသက်(၁၃) နှစ်(၁၄)နှစ်အရွယ်မှာ
မိခင်ကြီး ဒေါ်အိုးပုတ်ကရှင်ပြုမင်္ဂလာပြု
လုပ်၍ မင်္ဂလာ တိုက်ဆရာတော်ထံ
ရှင်သာမဏေ ဖြစ်လာခဲ့သည်။ဘွဲ့အမည်
မှာနန္ဒဓဇ ဖြစ်သည်။သဒ္ဒါ၊သင်္ဂြိုဟ်၊ဝိနည်း
အဘိဓာန်၊အလင်္ကာ၊ဆန်းကျမ်း၊ကလောပ်
ကျမ်း၊စသောပိဋကတ်စာပေအခြေခံကျမ်းများကိုသင်ယူခဲ့သည်။ အရွယ်ရောက်သော်
ဆရာတော်(၂၂)ပါးထ(ံ၁၇)နှစ်ခန့်မျှ
ပညာသင်ကြားခဲ့သည်။အထူးထူးသောစာပေကျမ်းဂန်များကိုသင်ကြားဆည်းပူးခဲ့၍
သူ၏စွယ်စုံကျော်ထင်ကျမ်းမှာ(စွယ်စုံ)
ဟူသောအမည်နှင့်လိုက်ဖက်အောင်
စုံလင်ခြင်းဖြစ်သည်။ထိုသို့ပညာများဆည်းပူးပြီး(၃၃)နှစ်အရွယ်မှာဇာတိဖြစ်သော
ကြည့်ကန်သို့ပြန်ကြွလာခဲ့သည်။ဆရာရင်းဖြစ်သောမင်္ဂလာတိုက်ဆရာတော်ထံဆည်းကပ်နေထိုင်၍စာပေကျမ်းဂန်များကိုရေးသား
ပြုစုခဲ့တော်မူသည်။
Subscribe to:
Post Comments (Atom)
အညာမြေလွမ်းသူ

-
ကြည့်ကန်ရှင်ကြီးဟာသူ့ရွာသူ့ ပတ်ဝန်းကျင်ကို ခွင့်အခါကြုံ တိုင်း ရွာ၏အလှကိုစာပေ များနဲချီးမွမ်းဖွဲ့ဆိုလေ့ရှိသည်။ ယ္ခုသည်ဖြင့် ရာသီ...
-
သမိုင်းကိုဆွဲယူချင်သူများ ရှင်ကြီးနန္ဒဓဇဆိုတာဘယ်ကလဲ ဘာလို့လူတိုင်းရဲ့အသိထဲမှာသမိုင်း ကြောင်းအကြောင်းတွေထင်ထင်ပေါ် မရှိရတာလဲ သိသောသူတွေ...
-
ကြည့်ကန်မြေ...အကြောင်းတစေ့တစောင်း ရွာ ၊ ကြည့်ကန်၊မဟာဂါမ ကန် ၊ ကန်မ၊ကြည့်ကန် ကြည့်ကန်ရွာကြီးကိုရှေးက မဟာဂါမရွာ ဟုခေါ်ဆိုကြသည်။က...
No comments:
Post a Comment
1000000000